ကျွန်တော်နဲ့ နားခိုရာအစက တော်တော်လေး ကမောက်ကမနိုင်တာဗျ blog နဲ့ပတ်သက်ရင် နကန်းတစ်လုံးမှ မသိတဲ့ ကျွန်တော့်အတွက် တော်တော်လေးကို အခက်အခဲဖြစ်တယ်ဗျ blog ဆိုတာ ကြားဖူးရုံပဲရှိတာ blog ဆိုတာဘာမှန်းကို မသိတာလေ အဲ့လောက်ဗဟုသုတ စုံလင်တာဗျ ဘယ်သိပါ့မလဲ internet ပေါ်ရောက်ရင် chat မယ် song နားထောင်မယ် ဟိုရှာ ဒီရှာ ရှာမယ် ဒီလောက်ပဲ သိတာကိုး ဘော်ဒါကလည်းများ သလားမမေးနဲ့ စိုင်းဇော် ဆိုရင်ဘယ်သူမှ မသိဘူး နောက်မှ ချစ်ဘော်ဘော်လေး မင်းသူက blog လို့ပြောမှ blogဆိုတာတစ်ခါ ထပ်ကြားဖူးရပြန်တယ်ဗျ... အဲနဲနဲစိတ်ဝင်စားသွားတယ်ဗျ ၀တ္တုထဲမှာဆိုရင် ဒီလိုနဲ့ဆိုပီးပေါ့ blogger ဆိုတဲ့စိတ်လေးဝင်လာတယ်ပေါ့ဗျာ လေ့လာမယ် ကြံတော့ ဘယ်ကနေ စရမယ်မှန်းမသိ ဘာလုပ်ရမယ်မှန်းလည်း မသိနဲ့ တော်တော်ရွာလည်တာဗျ နောက်မှ ချစ်ဘော်ဘော်လေးက သူများ blog တွေဝင်ကြည့်ဆိုမှ ၀င်ကြည့်ရကောင်းမှန်း သိတော့တယ် ...ကြည့်..... ကျွန်တော်က အဲ့ဒီ လောက်ကိုတော်လိုက်ပုံများ ပြောရရင်ရှက်စရာကြီးဗျ ဋုံး နဲ့တုံးတဲ့အထဲမှာ ကျွန်တော်က ထိပ်ဆုံးကပဲထင်တယ် blog လုပ်တော့လည်း ဘယ်ကစရမှန်းကိုမသိနဲ့ တော်တော် စိတ်ပျက်ခဲ့တာဗျ နောက်တော့မွှေရင်းမွှေရင်းနဲ့မှ Saturngod ရဲ့ blog လုပ်မယ်ဆိုတဲ့ pdf ဖိုင်လေးသွားတွေ့မှပဲ အဆင်ပြေတော့တယ် အဲ နောက်တစ်ခုက ကျွန်တော့် blog template ပုံစံလေးပြင်နေတာနဲ့တင် ၇ ရက်လောက်ကြာသွားတယ် နောက်ဆုံးပြင်မရတော့ဘူး ဘယ်လိုမှကို ကြည့်မကောင်းတော့တာ ဒါနဲ့ မထူးဘူးဆိုပြီး Tamplate အသစ်လုပ်လိုက်တယ်..... ဟဟတော်တော်တော့ မောသွားတယ် ဟောဟဲရော ဟဲဟောရော ဟောဟောဟဲဟဲရော)စုံနေအောင်ပဲဗျာ ကျေးဇူး Saturngod ရေ ကျွန်တော်ဆက်လက် ကြိုးစားသွားပါဦးမယ်... စတော့စပီ နောက်...ဘယ်လိုလာမယ်တော့မသိဘူး လူရယ်လို့ဖြစ်အောင် မွေးဖွားပေးခဲ့တဲ့ မေမေ နဲ့ ဖေဖေ၊ အကိုကြီးနဲ့ အကိုတွေ၊ ညီတွေ၊ မောင်တွေ၊ အမတွေ၊ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာ အားလုံး(အားလုံး)ကို လေးစားစွာဖြင့် ကျေးဇူးမှတ်တမ်းတင်အပ်ပါတယ်ဗျာ...
Feb 1, 2008
Subscribe to:
Posts (Atom)
RSS Feed (xml)